ချန်းချန်းငယ်ငယ်တုန်းက ရူးခဲ့တဲ့ ဘ၀လေးတခုပါ.... ဘယ်သူမှသိကြမယ်မထင်ဝူး ချန်းချန်းက ငယ်ငယ်လေးတည်းက မျက်လှည့်ဆရာဖြစ်ချင်ခဲ့တာ... ဒါပေမယ့် ချန်းချန်းက ပါရမီမပါခဲ့ဝူး...
မှတ်မှတ်ရရ စင်ပေါ်မှာတခါပဲ ပြခဲ့ဖူးတယ် ... ဒါကလည်း အဖြစ်ဆိုယုံလေးပါပဲ...
ချန်းချန်း၈တန်းနှစ်က ကျောင်းဖွင့်ပွဲတခု မှာ မြန်မာပြည်မှာ တချိန်က မျက်လှည့်မှာ အင်မတန်နာမည်ကြီးခဲ့တဲ့ ဆရာကြီး ပီကိုလာကို ကူညီဖျော်ဖြေဖူးခဲ့တာပါ... ခုတော့ လည်း အတိတ်မှာကျန်ခဲ့ပါပြီ..... ဆရာ နှင်းဦး (စက္ကောမ) ကချန်းချန်းကို "ဒါတွေကို လိုက်နာရမယ်... ဒါတွေကို လေ့လာရမယ်... ဒါတွေကို ဆည်းပူရမယ် ဆိုပြီး အချက်တော်တော်များများ ပြောပြခဲ့ပါတယ်...မျက်လှည့်ကွက်တချို့ကိုသင်ပေးခဲ့ပါတယ်.. လွန်ခဲ့တဲ့ ၁၄နှစ်ကျော်ကျော်ကပါ... " ချန်းချန်းရဲ့ လက်ဦးဆရာတွေ ရဲ့လမ်းကြောင်းပေါ်ကို ချန်းချန်းလျှောက်ခွင့်မကြုံခဲ့ပါဝူး... ဒါပေမယ့် ငယ်စဉ်တည်းက ကိန်းအောင်းခဲ့တဲ့ ၀ါသနာလေးတခုဆိုတာသေချာပါတယ်... ....
Subscribe to:
Post Comments (Atom)
0 comments: